အခမဲ့ E-mail များ ရယူရန်

www.emailaccount.com Domain များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူသုံးချရသော အခမဲ့ mail ၀န်ဆောင်မှုဖြစ်သည်၊

www.gawab.com Language များစွာ စိတ်ကြိုက်ရနိုင်ပြီး အခမဲ့ မေးလ် ဖြစ်သည်၊

www.inbox.com သုံးကောင်းပြီး လိုင်းဝင်ထွက်လွယ်ကူမြန်ဆန်သည် 5GB  ပေးထားသော FreeMail ဖြစ်

www.hotmail.com မိုက်ကရိုဆော့မှ လွှင့်တင်သော ၀န်ဆောင်မှုဖြစ်

www.mail.com

www.myway.com အလှဆုံးသောပြင်ဆင်မှုများ ရရှိနိုင်သည်၊

www.dora.com ပြင်ဆင်ပုံတစ်မျိုးနှင့် မြင်တွေ့နိုင်သည်၊

www.gmail.com အခမဲ့မေးလ်ဝန်ဆောင်မှု အခမဲ့မေးလ်

http://mail.yahoo.com အတန်အတင့်နာမည်ရှိသော မေးလ်

www.eudora.com မြန်မာပရိတ်သတ်နည်းပါး

www.mail2world.com Spam တော့နဲနဲဝင်တတ်တယ်၊

www.30gigs.net 30GB ရရှိနိုင်သော မေးလ်ဝန်ဆောင်မှုဖြစ်သည်၊

www.spamato.net Spam ကြောက်ရင် ဒီမေးသုံးကြည့်ပါ၊

www.mymyanmar.net Gmail သုံးလျှင်ဖြစ်ဖြစ် မြန်မာဖောင့်လိုလျှင်ဖြစ်ဖြစ် အခမဲ့ရယူနိုင်သည်

www.alphamandalay.com.mm Gmail သုံးလျှင်ဖြစ်ဖြစ် မြန်မာဖောင့်လိုလျှင်ဖြစ်ဖြစ် အခမဲ့ရယူနိုင်သည်

www.myanmartalk.net Gtalk ကဲ့သို့ Mtalk ဖြစ်ပါသည်၊

 

Gtalk အသုံးပြုသူများ သိထားရန်

ဂျီတော့ ချက်ရွန်းတွေကနေ နည်းပညာလက်ဆင့်ကမ်းလာတဲ့ အကြောင်းအရာလေးပါ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန် တင်ပြပေးလိုက်တာပါ----

မူရင်းနည်းပညာရှင်ရဲ တိုက်ရိုက်ပေးပို့မှုမဟုတ်တဲ့အတွက် ဆိုဒ်ပညာရှင်ရဲ့နာမည် မညွန်းပေးနိုင်တာကို နားလည်ခွင့်လွတ်စေချင်ပါသည်....

လေ့လာရန် အောက်ကအချက်အလက်လေးတွေကို သေချာလုပ်ဆောင်ပါ.. 98% protect ဖြစ်ပါလိမ့်မယ်...
အရင်ဆုံး ဆိုင်သုံး ဘော်ဒါတွေအတွက် အရင်ပြောပြပေးပါ့မယ်...
ကျွန်တော်တို့ ဆိုင်မှာသုံးမယ် ဆိုရင် ..

anti virus software တင်ထားလားကြည့်ပါ မတင်ထားရင်လုံးဝမသုံးပါနဲ့ .....

-ပြီးရင် website တွေမှာ မန်ဘာ လုပ်မယ်ဆိုရင် မိမိ အကောင့်ပတ်စပေါ့ကို လုံးဝမပေးဘဲနဲ့ တစ်ခြား
ပတ်စပေါ့တွေပေးပါ..

-firefox ကိုဖွင့်ပါ.. tools > options>security
ပြီးရင် remember password for sites. မှာအမှန်ခြစ်ပေးထားရင်ဖြတ်ပါ.. အဲ့ကောင်တွေက သတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာ ပြသနာတတ်တတ်ပါတယ်..

မိမိသုံးနေတဲ့ စက် တည်းက Control Panel ကိုသွားပါ.. user account တည်းကိုသွားပါ..
ပြီး၇င်အောက်မှာ computer adminstrator နဲ့ Guest account ဆိုပြီးနှစ်ခုရှိပါတယ်။.။. အဲ့နေရာမှာသုံးခု ဖြစ်နေမယ်ဆိုရင်တော့ သိပ်ပြီးစိတ်မချရပါဘူး ...။ဒါကလည်း တကယ် network ကျွမ်းကျင် သမားတွေသာ ၀င်ကလိနိုင်တဲ့နည်းပါ.. ဘယ်လိုဘဲဝင်ကလိသော်ငှားလည်း anti virus software အသုံးပြု့ ထားလို့ 
trojan သွင်းပြီး ပတ်စပေါ့ ခိုးဖို့ သိပ်မလွယ်လှပါဘူး..
ဒီနေ ရာမှာ anti virus software တွေတည်းက ...
kasper sky 2011 , Macfee , AVG စတဲ့ ပာာတွေကို ပိုမိုသုံးသင့်ပါတယ်..

နောက်တစ်ခုက ကျွန်တော်တို့ တွေကွန်မကောင်းတဲ့အချိန်မှာ website ပေါ်တတ်ပြီးချက်တင်ထိုင်ကြတာပါ..ဒါကလည်း အမြဲတမ်းလိုလိုမကောင်းပါဘူး.. ဥပမာwww.karoolark.com လိုဆိုဒ်မျိုးတွေပေါ့.... တကယ်အသုံးဝင်လှပါတယ်.. ဒါပေမဲ့လည်း တစ်ချို့ ပာက်ကာ တွေက အဲ့လိုဆိုဒ်မျိုးကို ပာက်ကြတယ် ပြီးရင် သူတို့ တွေ ကုဒ် တင်း တစ်ချို့ ထည့်သွားခဲ့တယ်.
ပြီးရင် သူတို့ တွေ မေးလ် လိပ်စာတွေနဲ့ ချိတ်ဆက်သွားကြတယ်..သူတို့ ပာက်သွားတဲ့ ဆိုဒ်တွေက နေပြီးတော့ ၀င်သုံးတဲ့အကောင့်တွေပာာဆိုရင် သူတို့ မေးလ် တည်းကို သွားပို့ ပေးပါတယ်... password တွေပါအပါအ၀င်ပေါ့...

-နောက်တစ်ခုကလည်း သတိလက်လွှတ်ဖြစ်သွားကြတာပါ။ G-Talk ၀င်ရင် remember password ကိုအမှန်ဖြစ်ပေးပြီးဝင်ကြတာ ပါ.. ဒါပာာ မျှဝေချင်းတစ်မျိုးပါဘဲဗျာ.. ကိုသုံးပြီးထသွားရင် စက်ကို နောက်သုံးတဲ့သူက ကို့ အကောင့်ကို ရသွားနိုင်ပါတယ်... လက်စလက်န၇ှိတဲ့သူတွေဆိုပိုဆိုးပါတယ်...
seepassword ကဲသို့ သောဆော့ဝဲလ်လေးနဲ့ သင့် ပက်စပေါ့ အစက်လေးတွေကို ထောက်ကြည့်လိုက်ရင်မတွေးရဲ့ စရာပါဘဲ....

-မိမိ အကောင့်ပတ်စပေါ့ကိုပေးတဲ့အခါပာာလည်း အ၇မ်းကို အရေးကြီးပါတယ်..
မိမိနမည်
ဖုန်းနံပါတ်
မွေးနေ့ 
စတာတွေကိုလုံးဝမပေးသင့်ပါဘူး။ ပတ်စပေါ့ပေးမယ်ဆိုရင်လည်း 16လုံးအထက်ပေးသင့်ပါတယ်...
20 ကျော်ရင်တော့ မဆိုးဘူးခေါ်နိုင်ပြီး ။ 25လုံးကျော်ပေးထားရင် တော်တော်ကောင်းသွားပါပြီ။
ပတ်စပေါ့ပေးတဲ့နေရာမှာလည်း ! @ # $ % ^ & * ( ) _ + စတာတွေကို ထည့်သွင့်ထားသင့်တဲ့အပြင်
ပက်စပေါ့တည်းမှာဘဲ စာလုံးအကြီးအသေး ပူးတွဲပေးသင့်ပါတယ်...
ဘာလို့ လဲဆိုတော့ လုံးဝ အကောင့်ကိုဖမ်းမမိတဲ့အချိန်မှာ username သိယုံနဲ့ ပာက်လို့ ရတဲ့ဆော့ဝဲလ်တွေ၇ှိပါတယ်.... သူနဲ့ သာ ထိုင် crack မယ်ဆိုရင် သင့်ပက်စပေါ့ပာာလွယ်နေခဲ့ မယ်ဆိုရင် ...
အလွယ်တကူပါသွားနိုင်ပါတယ်...

-အခုနောက်ပိုင်း အဆိုးဆုံးနည်းလေးတစ်ခုပါ.. hacking နဲ့  cracking ပိုင်းကိုလေ့လာနေတဲ့သူတွေအများဆုံးထိပါတယ်... ပာက်ကင်းတုးတွေသာဆို ရင် anti virus ဆော့ဝဲလ် တွေကိုပိတ်ပြီး run ကြပါတယ်... ဒါပာာ တစ်ဖက်သူကို လက်ပြခေါ်သလိုပါဘဲ...
ဘာလို့ လဲဆိုတော့ အခုနောက်ပိုင်း hacking tools နဲ့  cracking tools တွေမှာ trojan horse တွေကပ် ထည့်လာကြတယ်ဗျ.. ကိုကတော့ အရင်တိုင်းဘဲ anti virus လေးပိတ်ပြီး run ချလိုက်တယ်.. အဲ့အချိန်မှာ ကို့ စက်တည်းမှာ၇ှိသမျှ ပက်စပေါ့တွေအကုန်ပါသွားပါလေရောဗျာ... ပြီးတော့ တစ်ချို့ ပာာတွေဆိုရင် start up တည်းပါဝင်ပြီးလုပ်ချလိုက်တယ်.. စက်ကိုဖွင့်တာနဲ့ အဲ့ကောင်ပါ run နေကောဗျာ...ဒီတော့ အဲ့လိုမခံရအောင်ဗျာ... ပာက်ကင်းနဲ့ ခရက်ကင်းပိုင်းတွေလေ့လာတော့မယ်ဆိုရင် vnware တည်းမှာစမ်းစေချင်ပါတယ်...
ဒါမှမပာုတ်ရင်လည်း အင်တာနက်ချိတ် စက်ထားခြင်းမရှိတဲ့ PC တစ်လုံးမှာစမ်းစေချင်ပါတယ်...
အဲ့အချိန်တွေမှာ kasper sky 2011 ကအကောင်းဆုံး ပါဘဲလို့ ဆိုချင်ပါတယ် ....

-အင်တာနက် စသုံးတဲ့ဘော်ဒါတွေ ထိတဲ့နည်းလေးပါ..
ဖေး၇ှင်းနည်းပါ.. (page အတုနည်းလို့ လည်းခေါ်ပါတယ်..)
အဲ့လိုပေ့အတုတွေတည်းကိုဝင်လိုက်တာနဲ့  မိမိ အကောင့်ပတ်စပေါ့တွေ ပာာအလိုလိုပါသွားပါပြီ..
ဥပမာအနေ နဲ့ အောက်ကလင့်မျိုးကိုသွားကြည့်လိုက်ပါ...
http://mmchattingroom.my3gb.com/chatroom.html
အဲ့မှာသင်တို့  အကောင့်နဲ့ ဝင်ဖို့ ဘောက်တွေပေးထားပါတယ်...လုံးဝမ၀င်မိစေဖို့ ပါဘဲ ၀င်ပေးလိုက်တာနဲ့ ကို့ အကောင့်ပာာအော်တို ပါသွားပါတယ်...အဲ့လင့်လိုမျိုးနမည်မတူတာတွေများစွာ၇ှိပါတယ်..မ၀င်မိကြပါစေနဲ့ ခင်ဗျာ..
ဒီတော့ Mail စစ်ကြမယ်ဆိုရင်လည်း ...
https://www.gmail.com မှာဘဲဝင်စစ်ပါ တစ်ခြားသော နေရာတွေက ၀င်စစ်ခြင်းမျိုးမလုပ်ဖို့ ပါဘဲ...
ဘယ်လို page မျိုးဘဲလာလာပါစေ.။။ မိမိ အကောင့်နဲ့  ပက်စပေါ့ကို ရိုက်ထည့်ခြင်းမျိုးမလုပ်ပါနဲ့ ခင်ဗျာ...

 

Gtalk အလွယ်တကူ သုံးမရရင် သုံးရတဲ့နည်းလမ်းလေးပါ

ဒါကတော့ အင်တာနက်ဆိုင်တွေမှာသုံးတဲ့ user တွေအတွက်ပါ...
အပေါ်က အချက်လေးတွေနဲ့ ဆို တော်တော်လုံလောက်နေပါပြီ။

Gtalk,yahoo နှင့် Facebook လိုင်းဖွင့်မရသေးလို့ ကြန့်ကြာနေလျှင် wisite ကနေ အလွယ်တကူ ချက်တဲ့နည်းလေးပါ

Gtalk,yahoo နှင့် Facebook လိုင်းဖွင့်မရသေးလို့ ကြန့်ကြာနေလျှင်

ပထမဦးစွာ Mozilla Firefox တွင် webuzz together ရိုက်ထည့်ပါ..

မရိုက်ချင် လင့်ကို webuzz together ကလှစ်လိုက်ရုံပါ

 

အဲနည်းနဲ့မရရင်....သူကလည်းပြောပါတယ်

ကွန်နက်ရှင်ရှိတဲ့အိမ်တဲ့..... Use ကြည့်လိုက်လေ...

တကယ်ပညာကောင်းတဲ့ဆိုဒ်လေးပါဘဲ.....တစ်ခါတည်းဂျီတော့ပါဖွင့်သုံးနေလို့ရတယ်

http://minnkoko.weebly.com

 

အဆင်ပြေပါစေ-
မယ်လိုဒီကောင်မလေး
 
 

G-mail (account) ကိုဘယ်လိုဖျက်မလဲ

 
အလကားရတိုင်း account တွေအများကြီးဖွင့်ပြီး စိတ်ရှုပ်နေတဲ့ သူငယ်ချင်း ကိုကို မမ ညီငယ် ညီမငယ် များအတွက်
အသုံးဝင်မယ်ထင်ပါတယ်။

G-mail ကိုဘယ်လိုဖျက်မလဲ…..
(သိသင့်တယ်ထင်တာလေးတွေ...)


အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်

ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………

-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.

-Delete a Service အောက်က Delete G-mail Service ကို Click ပါ။

ဒီနေရာမှာ Close account and delete all service and info associated with it ကိုရွေးလည်းရပါတယ်။ဒီလိုရွေးချယ်မယ်ဆိုရင် ဖျက်ချင်တဲ့အကောင့်နဲ့သက်ဆိုင်သမျှ

i-google ,Google Docs စတာတွေပါ ပါသွားမှာပါ။

-Yes ,I want to permanently delete deletemememetoo@gmail.com and remove from my google account ကိုရွေးပါ။

-New Email Address နေရာမှာ သင့်ရဲ့ အီးမေးလ် လိပ်စာတစ်ခုခုအသစ်ရေးပါ။

G-mail က Secondary email ကိုသတင်းပေးရာမှာ အသုံးပြုလို့ပါ။ ဒီ E-mail က Google အတွက် သင့်မူပိုင်ပါပဲ။

-ဖျက်ပြစ်လိုက်တဲ့ E-mail ရှိ ၊မရှိ စောစောလေးက ပေးထားခဲ့တဲ့ Mail မှတစ်ဆင့်ပြန်စစ်ကြည့်ပါဦး။

-Current Password အောက်က G-mail Password ကိုဝင်ပါ။

-Remove G-mail ကိုရွေးပါ။

-Account-neroplyegoogle.com မှ Confirmation ကို သင်ပေးခဲ့တဲ့ Secondary account မှာ ဖွင့်ကြည့်ပါ။

-Deletion Link ကိုဝင်ပါ။

-Password ရိုက်ထည့်ပါ။ပြီးရင် Verify: ပေါ့။

OK ပြီနော်
 
 
 

facebook အကောင့်ကို မသုံးချင်တော့လို့ ဖျက်ချင်တယ်ဆိုရင်

facebook အကောင့်ကို မသုံးချင်တော့လို့ ဖျက်ချင်တယ်ဆိုရင်
အရင်ဆုံး ဖျက်ချင်တဲ့ အကောင့်ကိုဝင်လိုက်ပါ။ပြီးရင် ဒီလင့်လေးကိုသွားပါ။
https://www.facebook.com/help/contact.php?show_form=delete_account
submit ဆိုတာလေးကို နိုပ်လိုက်ပါ။password ရယ် သူပေးထားတဲ့ စာတွေရယ်ကို ဖြည့်ပေးပါ။
okay နှစ်ခါလုပ်ပေးပါ။အကောင့်ကို ဖျက်လိုက်ပါလိမ့်မယ်။
တကယ်လို့ စိတ်ပြောင်းသွားလို့ ပြန်လိုချင်တယ်ဆိုရင် 14ရက်အတွင်း အကောင့်နဲ့ပတ်စဝေါ့ပြန်ဝင်ရင် ပြန်ပြင်လို့ရပါတယ်။
14ရက်ကျော်သွားရင်တော့ တစ်သက်လုံးဝင်မရတော့ပါဘူးခင်ဗျာ။သေချာစဉ်းစားပြီးမှ ဖျက်နော်။

 

Gtalk 2 ခု ဖွင့်မရပါက

ဂျီတော့ ၂ ခုဖွင့်နည်း

မနေ့တုန်းက သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ဂျီတော့ က ၂ ခု ဖွင့်လို့ရတယ်တဲ့။ ကိုယ်ကတော့ စိတ်မ၀င်စားတော့ သိပ်မစမ်းဘူး။ သူကတော့ ကိုယ်တိုင်လုပ်ပေးသွားတယ်။ Start Menu ထဲက ဂျီတော့ icon လေးကို right click လုပ်လိုက်ပါ။ ပြီးရင် properties ကို နှိပ်လိုက်ပါ။ ဒါဆို box တစ်ခုကျလာပါလိမ့်မယ်။ Target နေရာက နောက်ဆုံးစာလုံးမှာ startmenu အစား nomutex ဆိုပြီး ရိုက်လိုက်ပါ။ ဒါဆို ဂျီတော့ကို ၂ ခုမက ဖွင့်လို့ရပြီး ကြိုက်သလိုချက်လို့ရပြီပေါ့။

မရဘူးဆိုရင်တော့ "C:\Program Files\Google\Google Talk\googletalk.exe" /nomutex အဲတာလေးသာကူးထည့်လိုက်ပါ...

အဆင်ပြေပါစေ...

မယ်လိုဒီကောင်မလေး

 

မိမိဆီလာတဲ့ အီးမေးကို ဘယ်ကလာသလဲ ရှာကြည့်မယ်

မိမိဆီလာတဲ့ အီးမေးလ်ကို ဘယ်ကလာသလဲ ရှာကြည့်လို့ရပါတယ်။ Gmail,Yahoo mail နဲ့
Outlook mail တွေမှာ ရှာကြည့်မယ်။

Gmail

အရင်ဆုံး mail log in လုပ်ရပါမယ်။

မိမိ သိလိုတဲ့ မေးလ်ကိုဖွင့်ပြီး ညာဘက်အပေါ်နားက
reply botton ကိုရှာကြည့်ပါ။

သူ့ဘေးမှာ တြိဂံဇောက်ထိုးပုံလေး တွေ့ပါမယ်။ အဲဒါလေး နှိပ်ပြီး show original ကိုရွေးလိုက်ပါ။

ပေါ်လာတဲ့ technical page မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါ။

မေးလ်ပို့သူရဲ့ ip address ကိုတွေ့ရပါမယ်။

Yahoo mail

mail login ၀င်ရပါမယ်။

သိချင်တဲ့ မေးလ်ကိုဖွင့်ပြီး ညာဘက်အောက်နားက full header ကိုနှိပ်လိုက်ပါ။

ပေါ်လာတဲ့ technical page မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါ။

ဒါဆို ip တွေ့ရပါပြီ။

Outlook mail

Outlook mail ကိုဖွင့်ပါ။

view\option ကိုသွားပြီး internet header box မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါဦး။

ရလာတဲံ ip ဟာ ဘယ်ကလာသလဲ ရှာကြည့်ပါမယ်။

ဒီဆိုဒ်က ip နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှာနိုင် သိနိုင်ပါတယ်။

တစ်ခါတစ်လေ ip address သိဘို့ လိုအပ်ခဲ့ရင် ဒီနည်းလေးက အထောက်အကူပြုမှာပါ

 

Blumail ကို Gmail ကဲ့သို့ အသုံးပြုနိုင်

Gmail ကဲ့သို့ အသုံးပြုနိုင်သည့် Free mail Service တစ်ခုပေါ်လာကြောင်း၊ ယင်း Free mail Service သည် blumail ဟုခေါ်တွင်ပြီး ယင်း mail service အား Google မှ Technical Supporting ပေးထားခြင်းဖြစ်ကြောင်း၊ ဒီ Blumail ကပေါ်လာတာကြာပါပြီ၊ အခုမှ လူတွေသိလာပြီး သုံးလာကြတာပါ၊ ဒီ mail service ကို အသုံးပြုရတာ Gmail,Gtalk အတိုင်းပါဘဲ၊ Gtalk မှာသုံးရင်လည်း Username အနောက်မှာ @blumaik.org ဆိုပြီး ရိုက်ပြီးသုံးရုံပါဘဲ၊ Gmail,Gtalk နဲ့ဘာမှ မကွာခြားပါဘူး ကိုယ့်ရဲ့ Username အနောက်မှာ @blumail.org ပေါ်နေတာလေးတစ်ခုပါ၊ ထူးခြားတာက Compose mail Feature မှာ Invitation ဆိုပြီး Feature အသစ်တစ်ခုပါလာတယ်၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းတွေကို ဧည့်ခံပွဲတစ်ခုခုဖြစ်စေ၊ တနေရာဖြစ်စေ ချိန်းတဲ့အချိန်၊ ချိန်းတဲ့နေရာ ကိုယ်ဘာပြောချင်လဲဆိုတဲ့ သတင်းစကားပါ ရေးလို့ရတဲ့ Feature အသစ်တစ်ခုပါ၊ အရင်တုန်းက Gmail login ၀င်တဲ့ Web Pages အတုတွေ ပေါ်တော့ ဒီ blumail ကိုလည်းအတုလို့ထင်တာ စမ်းသုံးကြည့်တော့ အဆင်ပြေပါတယ်၊ Feature တွေကလည်း Gmail နီးတူတွေမှစိတ်ချလက်ချသုံးနိုင်တာ၊ အဆိုပါ blumail အား Free Service ပေးရခြင်း၏ ရည်ရွယ်ချက်က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရွယ်ရောက်သူတိုင်း Email account တစ်ခုစီရှိရန်နဲ့ ယင်း Email Account များမှ နေ၍ အလုပ်အကိုင် အခွင့်အလမ်း၊ သတင်းအချက်အလက်ဖလှယ်ခြင်း၊ အသစ်ပေါ်လာသည့် အတွေးအခေါ်များကို ဖြန့်ဖြူးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတကာမှ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာသတင်းဌာနများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ထားရေးအား အစဉ်တစိုက်လုပ်ဆောင်သည့် ကဏ္ဍမျိုးစုံမှ INGOs အဖွဲ့အစည်းတို့၏ ပံ့ပိုးမှုဖြင့် Free mail Service နှင့် Website အားတည်ထောင်ခြင်း ဖြစ်ကြောင်း၊ bluword website ၏ကြော်ငြာချက်တွင် ဖော်ပြထားပါတယ်၊ blumail အသုံးပြုလိုသူများအနေဖြင့် http://www.bluword.com/ သို့ ၀င်ရောက်ပြီး blumail account ရယူနိုင်ပါတယ်။

အဆင်ပြေပါစေ-

မယ်လိုဒီကောင်မလေး

 

Gtalk အလိုအလျှောက်ပြန်လည်ဖြေကြားစနစ်

Gtalk အတွက် Auto Answering Aystem လုပ်လို့ရပါပြီ၊ Service မှာ MSN,ICQ,AIM,YAHOO,My Space အစရှိတဲ့ In-stant Messenger တွေအတွက်ပါ ပြုလုပ်နိုင်ပါတယ်-

    (1)    အရင်ဆုံး ဒီ Link ကိုသွားလိုက်ပါ၊ http://answer.im/setupကိုသွားပါ၊

    (2)    Website သို့ရောက်ရှိပါက အသုံးပြုလိုသော IM Service တစ်ခုကို ရွေးရန်ဖြစ်သည်၊ Gtalk တွင်ပြုလုပ်လိုပါက Gtalk ကို ရွေးရန်ဖြစ်သည်၊

    (3)    Gtalk password နှင့် User name ကိုသုံးပြီး ၀င်ရန်ဖြစ်သည်၊

    (4)    မိမိလုပ်ချင်တဲ့ Online Status နှင့် Reply လုပ်စေချင်တဲ့ Message တို့ကို ရိုက်ရမည်၊ ယင်းနောက် Authorise People ကို အမှန်ခြစ်ပေးပါ၊ အားလုံးပြီးပါက Save             Changes ကို Click လုပ်ပါ၊

    (5)    Changes Saved Your Answer Machine is Setup.You May exit Now ဟုပေါ်လာပါက General,Messages တို့၏ ဘေးတွင်ရှိသော Exit ကို Click             လုပ်ပါ။မိမိသူငယ်ချင်းတွေခေါ်တာနဲ့ Auto Reply လုပ်ပေးပါလိမ့်မယ်၊ ကိုယ်မရှိတဲ့အချိန်တွေမှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ Click here to             Return to the home page ဆိုတဲ့ စာမှ here ကို Click လုပ်ပါ၊ ပေါ်လာတဲ့ Page မှ Message ကို Click လုပ်ပါ၊ ဒါဆိုရပါပြီ။ အိုကေပါတယ်နော် အဆင်ပြေပါစေ

မယ်လိုဒီကောင်မလေး


Gmail တွင် ပို့ပြီးသားမေးများ ပြန်ဖျက်နိုင်ရန်

Google သုတေသန Lab မှ G-mail အသုံးပြုသူများ သူတို့ပို့ထားသည့် Mail များကို ပြန်ဖျက်ဖြစ်နိုင်သည့် Feature တစ်ခု ကိုထည့်သွင်းပေးလိုက်ပါတယ်၊ Undo             Send ဟုအမည်ပေးထားသော အဆိုပါ Feature ကြောင့် အမှားပါသော mail များကို ပြန်ဖျက်ဖြစ်နိုင်မည့် အခွင့်အရေးရလာမည်၊ မူလက Gmail ပို့ပြီးနောက် ထို             Mail များကို ပေးပို့သူများအနေဖြင့် ပြန်မဖျက်နိုင်ချေ၊ ယခု Feature အရ mail ပို့ပြီး ၅ စက်ကန့်အတွင်း Undo ဖြင့် ဖျက်ပစ်နိုင်သလို နောက်ပိုင်းကြာမှ             ဖျက်ပစ်လိုပါကလည်း  Sent Mail ထဲရှိ မိမိပို့ထားသော Mail ကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှားနိုင်မည်ဖြစ်ပါသည်၊ ထို Feature ကိုအသုံးပြုလိုပါက Gmail             account ထဲရှိ Setting တွင် Undo Send ဆိုသောနေရာလေးအား Enable ကလှစ်လုပ်ပါ၊

            Setting>Labs>undo Send>enable>save changes ဆိုရပါပြီ။

အဆင်ပြေပါစေ-

မယ်လိုဒီကောင်မလေး

Gtalk တွင် ဂိမ်းကစားနည်း

MM Flashsongs မှာတင်ပေးထားတဲ့နည်းပညာလေးပါ....

1...sandbox ( http://talkgadget.google.com/talkgadget/sandbox )
ကိုသွားပြီး မိမိရဲ့ Gmail နဲ့  Log In ၀င်လိုက်ပါ။

2.. ပြီးရင် မိမိ နဲ့ ဆော့လိုတဲ့ သူငယ်ချင်း ကိုလည်း Link လေး ပေးပြီး သူ့ ကိုလဲ ၀င် ခိုင်းလိုက်ပါ။
 

gmail-chat-play-game



3..သူဝင်ပြီးပြီဆိုရင် သူနဲ့  Chat နေတဲ့ Chat Box အောက်က Options > Start Application ကို Click ပါ။ အဲဒါကို Click လိုက်ရင် Enter the URL of the gadget ဆိုပြီးတွေ့ ပါမယ်။ အဲဒီမှာ အောက်က Game သုံးခုထဲက ဆော့ချင်တာကို ထဲ့ပြီး ကစားလို့ ရပါပြီ။
 


 

chess-gtalk-game

အဆင်ပြေပါစေ..

မယ်လိုဒီကောင်မလေး....

 

MM Flash Songsမှမျှဝေလိုက်သော "Computer Mouse Rught Click Background ထည့်နည်း"

ကဲ.....ဒီတခါ သူငယ်ချင်းတို့ ကို Software နောက်တခု့  ပေးမယ် ။
သူငယ်ချင်းတို့  ကွန်ပျူတာမောက်စ်ကို  Desktop ပေါ်မှာပဲ ဖြစ်ဖြစ်  Folder တွေပေါ်မှာပဲ ဖြစ်ဖြစ်
Right Click့ နှိပ်ရင် ပေါ်လာတဲ့  Pop-up Menu  မှာ သူငယ်ချင်းတို့ ရဲ့ စိတ်ကြိုက်ပုံလေး
ထည့်ကြည့်ရအောင် ။အောက်မှာပြထားတဲ့ ပုံစံလေး ဖြစ်သွားအောင်လုပ်မှာပါ ။

 

 

 

အသုံးပြုပုံလေးပါ ရှင်းပြလိုက်မယ်နော် ။ အရင်ဆုံး ဆော့ဝဲလ်လေးကို  ဒေါင်းလိုက်ပါ။
ရလာတဲ့ ဆော့ဝဲလ် Icon လေးကို   Right click တချက်နှိပ်ပါ ။(မှတ်ချက် ။ Left click ၂ချက်မနှိပ်ပါနဲ့ ။အဲဒါဆို ဆော့ဝဲလ်က
အလုပ်မလုပ်ပါဘူး ။) ။ပီးရင်အဲဒီ Right click Pop-up Menu ထဲမှ ဒုတိယ အကြောင်း Run as administratorလေးကို ကလစ်လိုက်ပါ ။ဒါဆိုရင်

အောက်က ပုံမှာပြထားတဲ့ အတိုင်း Software boxလေးပေါ်လာပါမယ်။

။ပီးရင်အဲထဲမှ Install Dll ဆိုတာလေးကို ကလစ်ပါ ။ OKဆိုပီး  boxတခု ထပ်ပေါ်ပါမယ်။အောက်မှာပြထားသလိုပေါ်ပါလိမ့်မယ် ။

အိုကေပေးလိုက်ပါ။

။ပီးရင် အောက်က  Browse Image ဆိုတဲ့ အကွက်လေးကို ကလစ်ပါ ။ပုံထည့်ဖို့  box တခု ထပ်ပေါ်ပါမယ် ။
သူငယ်ချင်းတို့ ထည့်မဲ့ ပုံရွေးရမှာဖြစ်ပါတယ် ။အောက်ကပုံအတိုင်းလေးပေါ်ပါမယ် ။

ပုံထည့်ပါ။ပုံထည့်ပီးရင် အဲအကွတ်လေးမှာ သူငယ်ချင်းတို့ ထည့်တဲ့ ပုံပေါ်နေပါလမ့်မယ်။အနော်ကတော့  အနော့အတဲလေးပုံ

ထည့်ထားတယ်........:D ။အောက်ကပုံ အတိုင်းဖြစ်နေရပါမယ် ။


ပုံထည့်ပီးရင် Apply ဆိုတဲ့ အကွတ်လေးကို ကလစ်လိုက်ပါ ။အောက်ကပုံလို box လေးပေါ်လာရင်  okပေးလိုက်ပါ ။ဒါဆို ပီးပါပီ ။

ကပ်လျက်အောက်မှာရှိတဲ့  (About နဲ့  Restar Exploer)
ဆိုတဲ့ ၂ကွတ်ကတော့ နှိပ်ဖို့ မလို အပ်ပါဘူး ။နှိပ်လဲ ဘာမှ မဖြစ်ဘူး သိချင်ရင်တော့ စမ်းကြည့်ပေါ့ ။အားလုံးပီးရင် အပေါ် Menu
ကြက်ခြေခတ်လေးကနေ ဆော့ဝဲလ်ကို ပိတ်လိုက်လို့ ရပါပီ ။ပီးရင်  Folder လေးတခုပေါ် Right Clickထောက်ကြည့်လိုက်ရင်

သူငယ်ချင်းတို့ ထည့်ထားတဲ့ ပုံလေးကို မြင်နေရမှာပါ ။အောက်မှာ ကျနော်ထည့်ထားတဲ့ ပုံလေးကို Right Click လုပ်ရင်ပေါ်တဲ့

ပုံလေးပါ ။

ထည့်ထားတဲ့ ပုံမကြိုက်လို့  နောက်ထပ်ပုံပြောင်းချင်တယ်
ဆိုလဲ  ဆော့ဝဲလ်လေးကို အပေါ်ကပြောထားတဲ့ အတိုင်း  ပြန်ဖွင့်  Browse Image ကိုကလစ်ပီး စိတ်ကြိုက်ပုံပြောင်းထည့်
ပီးရင် Apply ပေးလိုက်ရုံပါပဲ ။ကဲ....ဒါဆို အားလုံး အိုကေသွားပါပီ ။ပုံထည့်ရင် အရောင်ဖြော့တဲ့ ပုံလေးတွေထည့်ရင် ပိုလှမှာပါ ။
ရှင်းတာ ရှင်းပြတာ ကိုယ့်ဘာကိုယ်လုပ်တတ်မယ်လို့ ထင်ပါတယ် ။ကျနော်ရှင်းပြတာမှ ပိုရှုပ်နေမလား မတိဝူး ..........:D ။

။ဒေါင်းဖို့ အောက်မှာ Link၂ခုပေးထားပါတယ် ။

http://www.mediafire.com/?16x5u437lkmw10y

http://www.zshare.net/download/989267695bf067b4/

ဆော့ဝဲလ်လေးက Portable ဆိုတော့ သုံးရတာ ပေါ့ပါးတာပေါ့ဗျာ ။ဒေါင်း၇တာလဲ မကြာပါဘူး ။
 နက်ကောင်းရင် ၁ မိနစ်လောက်နဲ့ရတယ် ။မကောင်းရင်တော့ ၅ မိနစ်လောက်ပေါ့ ။
အားလုံး ပဲ ကြိုက်ကြမယ် အဆင်ပြေမယ်လို့  မျှော်လင့်ပါတယ် ။

အဆင်ပြေပါစေ..

မယ်လိုဒီကောင်မလေး....

 

အင်္ဂလိပ်စကားပြော သင်ခန်းစာတွေ အခမဲ့ရယူနိုင်မယ့်နေရာ

အင်္ဂလိပ်စာ လေ့လာလိုက်စားသူတွေအတွက် ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့ အင်္ဂလိပ်စကားပြော သင်ခန်းစာတွေ အခမဲ့ ရယူနိုင်မယ့် Website တစ်ခုပါ။

Free English Now အမည်ရတဲ့ Website မှာ အင်္ဂလိပ်စကားပြောကို စတင်သင်ယူနေသူတွေအတွက် သင့်တော်ပါတယ်။ Spoken English Learned Quickly လို့ ခေါ်တဲ့ အင်္ဂလိပ်စကားပြော သင်ခန်းစာ ပို့ချချက်တွေကို အခမဲ့  Download ရယူနိုင်ပါတယ်။

သင်ခန်းစာတွေကို စာသားဖိုင်တွေနဲ့ အသံဖိုင်တွေ အဖြစ် စီစဉ်ပေးထားပြီး Download ရယူရာမှာ လွယ်ကူစေတဲ့အတွက် Zip ဖိုင်တွေ လုပ်ပေးထားပါတယ်၊ ဒါအပြင် ပို့ချချက်၊ လေ့လာနည်း လမ်းညွှန်၊ ဆရာကိုင်စာအုပ်နဲ့ Print ထုတ်နိုင်တဲ့ စာမျက်နှာ (450) နီးပါးရှိ ကျောင်းသားသုံး စာအုပ်တစ်အုပ်ကိုလည်း စီစဉ်ပေးထားပါတယ်၊ အသံသွင်းထားတဲ့ စကားပြောသင်ခန်းစာ ပို့ချချက်တွေကို ရယူရာမှာ ဗြိတိသျှ၊ စံလေယူ လေသိမ်းနှင့် အမေရိကန်စံလေယူလေသိမ်း နှစ်မျိုးလုံးနဲ့ ရယူနိုင်ပါတယ်၊

အဲဒီအင်္ဂလိပ်စကားပြောသင်ခန်းစာတွေကို ကွန်ပျူတာနှင့်သာမက Mp3 Player နဲ့ ipod တို့နဲ့ပါ လေ့လာနိုင်ပြီး PDF Reader နှင့် Media Player Software တွေကို အခမဲ့ရယူနိုင်ဖို့လည်း ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားပါတယ်၊ ပြီးတော့ အဲဒီ ပို့ချချက်တွေကို လွတ်လပ်စွာ တစ်ဆင့် ပြန်လည် ကူးယူခွင့်၊ ရောင်းချခွင့် ပေးထားတာကိုလည်း တွေ့ရပါတယ်၊ ဒီလင့်လေးမှာ  http://www.freeenglishnow.com သွားရောက်ကြည့်ရှုနိုင်ပါတယ်- အဆင်ပြေပါစေ-

မယ်လိုဒီကောင်မလေး

 

အလုပ်တွေ ဘယ်ကစလုပ်ရမလဲဆိုတဲ့သူတွေ အတွက်

အလုပ်များတတ်တဲ့ သူတွေနဲ့ တစ်နေ့စာ အလုပ်တွေ ဘယ်ကစလုပ်ရမလဲဆိုတဲ့သူတွေ အတွက် အသုံးဝင်မယ့် Notebrowser ဆိုတဲ့ Freeware တစ်ခုပါ၊

    Planner နဲ့ကိုယ့်စိတ်ကြိုတ်မှတ်တမ်းမှတ်ရာတွေ စုထားနိုင်တဲ့ ပုံစံမျိုးဖြစ်ပါတယ်၊ ပထမဆုံး ပြက္ခဒိန်ကိုခေါ်ပြီး ကိုယ်မှတ်ချင်တာတွေ ကြိုမှတ်ထားချင်တဲ့နေ့ကို ယူပြီး ထည့်ရမှာပါ၊ အဲဒီမှာ ချိန်းဆိုထားတာက ဘယ်မှာ၊ ဘယ်အချိန် လုပ်ရမှာကဘာ စသဖြင့် ကိုယ့်စိတ်ကြိုတ် မှတ်ထားပြီး ဘယ်အချိန်မှာ အဲဒါကို သတိပေးစေမယ် ဆိုတာကိုပါ ရွေးထားနိုင်ပါတယ်၊ ပြီးရင် အဲဒါတွေဘေးမှာ ဘယ်အလုပ်ကတော့ ဦးစားပေးအရေးကြီးတယ် စတာကိုပါ အရောင်နဲ့ပြထားလို့ တစ်နေ့စာအလုပ်ကို ဖွင့်ကြည့်လိုက်တာနဲ့ ဘာကိုအရင်လုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ၊

    အဲဒီမှာ ကိုယ်မှတ်ချင်တဲ့ အလုပ်နဲ့ပတ်သက်တာဘဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာဘဲဖြစ်ဖြစ် မှတ်စုမှတ်ရာ အတိုအစတွေမှန်သမျှထည့်နိုင်ပါတယ်၊ တနေ့စာ အလုပ်စာရင်းတွေ၊ ချိန်းဆိုထားတာတွေ၊ ကြည့်ဖို့စိတ်ကူးထားတဲ့ Website တွေ Mp3 File တွေ စတာမှန်သမျှကိုလည်း စုစည်းထည့်ထားနိုင်မယ့် နေရာတွေဘေးမှာ ပေါ်နေပါသေးတယ်၊

    ဒါတွေကိုစုစည်းတဲ့အခါ စနစ်တကျ လွယ်လွယ်ကူကူ တစ်စုတစ်ဝေးတည်းထားနိုင်ပြီး ကိုယ့်စိတ်ကြိုက်တူရာ နာမည်တွေ တပ်ပေးထားနိုင်ပါသေးတယ်၊

    အဲဒီမှာ ထူးခြားတာက မှတ်စုထဲမှာ Website တွေမှတ်တဲ့ Link အဖြစ် တခါတည်းပေါ်နေလို့ ပြန်ဖွင့်ချင်ရင် ကလစ်တစ်ချက်နှိပ်လိုက်ရုံပါဘဲ၊ အဲဒီလိုဘဲ ဖိုင်တွေကိုလည်း တစ်ပါတည်း ခေါ်ထည့်ထားနိုင်လို့ ကိုယ်ဖွင့်ချင်တဲ့နေ့၊ သုံးချင်တဲ့အခါမှာ အဲဒီဖိုင်ဖွင့်မယ်ဆိုရင်တခြားကို ထပ်သွားဖို့မလိုတော့တာမျိုးပါ၊ အဲဒီလိုအသုံးဝင်တာတွေ အများကြီးထပ်ရှိသေးတဲ့ Notebrowser ကိုသုံးချင်ရင်တော့ www.notebrowser.com မှာအခမဲ့ အသုံးချနိုင်ပါတယ်၊ ဦးနှောက်ထဲမှာ သိမ်းထားရတာတွေကို Desktop ပေါ်မှာ ပစ်ချထားလိုက်လို့ ရပါပြီ။

အဆင်ပြေပါစေ- မယ်လိုဒီကောင်မလေး

 

 

Facebook ပေါ်မှာ သက်ဝင်လှုပ်ရှားနေတဲ့ စာသားတွေ ရေးချင်သလား ?

Facebook မှာ သက်ဝင်လှုပ်ရှားနေတဲ့ ရုပ်ပုံစာသားလေးတွေနဲ့ Wall Post တွေ ရေးသားနိုင်မယ့် Facebook Application တစ်ခု ရှိပါတယ်။

အဲဒါက Text Effects ပါ၊ Trxt Effects မှာ Emoticons,Smiley,Pictures,Alphabet,Effects,Symbols စတဲ့ ကဏ္ဍတွေထဲက နှစ်သက်ရာ ပုံလေးတွေကို ရွေးချယ်ပြီး သတင်းစကားလေးတွေ ရေးသားနိုင်မှာဖြစ်ပါတယ်။

Text Effects မှာ သတင်းတွေရေးသားပြီး သူငယ်ချင်းတွေဆီကို ပေးပို့ချင်တယ်ဆိုရင် Send to a friend's Wall ဆိုတဲ့ဘေးမှာ ကိုယ်ပို့ချင်တဲ့ မိတ်ဆွေသူငယ်ချင်း နာမည်ကိုရိုက်၊ ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး ပေးပို့နိုင်မှာပါ။

အသုံးပြုရလွယ်ကူပြီး Effect အသစ်တွေလည်း အခါအားလျော်စွာ တင်ဆက်ပေးနေတဲ့ Text Effects ကို အောက်ပါလင့်မှာ ၀င်ရောက်အသုံးပြုနိုင်ပါတယ်။

အဆင်ပြေပါစေ-မယ်လိုဒီကောင်မလေး

http://apps.facebook.com/texteb-dcafec/

 

Account နှင့် Password ခိုးယူခြင်းမှ ကာကွယ်နည်း(၃)နည်း

 ဂျီမေးလ် အကောင့်များ ခိုးခံရမှု၊ data များ ဖျက်ဆီးမှု၊ ပျောက်ဆုံးမှု၊ မေးလ် password များခိုးယူမှုများမှ လျှော့နည်းစေရန် နည်းလမ်း ၃ လမ်းဖြင့် ကာကွယ်ထားရန် လိုအပ်ကြောင်း အိုင်တီ ကျွမ်းကျင်သူများထံမှ သိရှိရသည်၊

    မိမိဂျီမေးလ် လုံခြုံမှုရှိရန်အတွက် ပထမအဆင့်တွင် HTTP(Hypertext Transfer Protocol)ထက်ပိုပြီးလုံခြုံတဲ့ HTTPS(Hypertext Transfer Protocol Secure)ကိုပြောင်းရမှာ ဖြစ်ကြောင်း သိရသည်၊

  1.     ပထမအဆင့်အနေဖြင့် မိမိအကောင့်ထဲကို Sign up ၀င်လုပ်ရမှာပေါ့၊ ပြီးမှ ကိုယ်ဖွင့်လိုက်တဲ့ မေးအကောင့်ဘေးနားက setting ကိုဝင်ပြီးရင် General မှာကလှစ်နှိပ်၊ နောက် Browser Connection မှာ Always use https လို့ မှတ်ပေးလိုက်၊ နောက်ဆုံးအလုပ်ကတော့ အောက်ဆုံးက save changes မှာ ကလှစ်တစ်ချက်နှိပ်လိုက်ပြီးရင် ပြီးပြီ၊ အဲဒါဆိုရင် မိမိမေးလ်အကောင့်ကို ၀င်လိုက်တာနဲ့ http:// မဟုတ်တော့ဘဲနဲ့ လုံခြုံတဲ့ https://နဲ့ဖွင့်ပြီးသား ဖြစ်သွားလိမ့်မယ်၊
  2.     ဒုတိယအဆင့်အနေနဲ့ မိမိ Password ကို Password Recover လုပ်ပြီး အခိုးမခံ ရရန်ကာကွယ်ဖို့နည်းလမ်းဖြစ်သည်၊ မိမိမေးလ်အကောင့်ကို မေးလ်အသစ်စဖွင့်ကတည်းက Recovery တွင် သူငယ်ချင်းမေးလ်ကိုပေးတတ်သောကြောင့် အခိုးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်၊ မိမိမေးလ်ကို အရင်ဖွင့်ပါ၊ ပြီးမှ Setting ထဲကိုသွား Account and Import မှာရှိတဲ့ Google Account setting ကိုရှာ၊ အဲကနေပြီး Visit your Google Account setting မှာကလှစ်နှိပ်လိုက်ရင် အဲမှာ Personal Settings ဆိုတာပေါ်လာမယ်၊ အဲဒီစာကြောင်းအောက်က Change password recovery options မှာကလှစ်နှိပ်ပြီးရင် မိမိကြိုက်တဲ့ Recovery အကောင့်ကို ပေးလို့ရတယ်၊ အဲလိုကိုယ်စိတ်ချရတဲ့ မေးလ်အကောင့်ကို ပေးရင်လည်းအခိုးမခံရတော့ဘူ၊
  3.     တတိယတစ်ခုအနေနဲ့ မိမိ Password ကိုကိုရိုးရိုးအမည်ပေးခြင်းမပြုလုပ်ရန်၊ Password ၇ိုက်ထည့်ရာတွင် အမည်စာလုံးအပြင် အခြား %,*,& အစရှိတဲ့ အက္ခရာမျိုးနှင့် ဂဏန်းများကြားညှပ်၍ ရိုက်ထည့်ခြင်းသည် ရိုးရိုးအမည်ရိုက်ထားသောအကောင့် Password ထက်လုံခြုံမှုရှိကြောင်း သိရပါသည်၊

    အင်တာနက်သုံးစွဲသူများသည် မိမိData များထည့်ထားသော Stick ကိုအင်တာနက်ဆိုင်များတွင် တပ်ဆင်ပြီး အသုံးပြုပြီးလျှင်လည်း Start မှ run ကိုသွားပြီး recent ရိုက်ထည့်ပြီး အကုန် Delete လုပ်ပြီးမှ စက်ပိတ်ခြင်းဖြင့် မိမိဖွင့်ခဲ့သော Data များကို အခြားသူတစ်ဦးမှပြန်ကြည့်ခြင်းမှ ကာကွယ်ပေးသောကြောင့် သုံးစွဲသူများ သတိရှိနိုင်ရန် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်-

အဆင်ပြေပါစေ-မယ်လိုဒီကောင်မလေး

 

PC မမြန်လျှင် မြန်စေရန်နည်းလမ်း(၈)လမ်း

    (၁)    Start>run ထဲမှာ Prefetch ရိုက်ထည့်လိုက်ပါ၊ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ၊

    (၂)    Start>run ထဲမှာ temp ရိုက်ထည့်လိုက်ပါ၊ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ၊

    (၃)    Start>run ထဲမှာ recent ရိုက်ထည့်လိုက်ပါ၊ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ၊

    (၄)    Start>run ထဲမှာ %temp% ရိုက်ထည့်လိုက်ပါ၊ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ၊

    (၅)    Start>run> ထဲမှာ Regedit ရိုက်ထည့်လိုက်ပါ၊ ပေါ်လာသော Folder ထဲမှ HKEY-CURRENT-USER/Control Panel>Desktop ကိုရွေးပါ၊ ပြီးလျှင် Menu  Show             Delay နှိပ်ပြီးပွင့်လာသော Box မှာ (၄၀၀)သို့(၂၀၀)ဖြစ်နေလျှင် (၀)သို့ပြောင်းလိုက်ပါ၊

    (၆)    Start>run>msconfig>Start up ပေါ်လာသော Box မှာ Programs File တွေကို Uncheck လုပ်လိုက်ပါ၊ ပြီးလျှင် OK,Restart မချလည်းရပါတယ်၊

    (၇)    Start>Control Panel>System>Advanced>Performance setting ပြီးလျှင် Adjust for best performance ရွေးလိုက်ပါ၊ ခဏစောင့်ပါ၊ ပေါ်လာသော Box             မှာ OK နှိပ်ပါ၊

    (၈)    Internet speed မြန်ရန် run>system.ini ပေါ်လာသော notepad မှာ page buffer=100,000 kbps,Load=100000 kbps,Download=100000             kbps,Back=10 0,000 kb လို့ရိုက်ထည့်လိုက်ပါ၊ ပြီးလျှင် Save ပါ၊ ပြီးလျှင် Restart ချလိုက်ပါ၊

အဆင်ပြေပါစေ-

မယ်လိုဒီကောင်မလေး

 

Photo အား ကြည့်မရအောင် ဖျက်နည်း

              ကွန်ပျူတာဖိုင်များမှာ Header Code တွေပါတယ်၊ အဲဒီ Header Code တွေက Hex number တွေ ဖြစ်ပါတယ်၊ Hex number ဆိုတာက 0 to F             (0,1,2....9,A,B,...F)တွေဖြစ်ပါတယ်၊ အဲဒီ Header Code တွေကို ပြောင်းလိုက်ရင် အဲဒီဖိုင်တွေကို ဖွင့်မရတော့ပါဘူး၊ အဲဒီယူဆချက်ကိုသုံးပြီးတော့ Jpeg             ဖိုင်တွေရဲ့ Header Code ကို ပြောင်းရင် အဲဒီ Jpeg ဖိုင်တွေဟာဖွင့်မရတော့ဘူးလေ၊ သူများမမြင်စေချင်တဲ့ကိုယ့်ဓာတ်ပုံတွေကိုဒီနည်းလမ်းသုံးပြီး             ဘာဆော့ဝဲမှမလိုဘဲ ဖျောက်လို့ရပါတယ်-

            အဲဒီနည်းကတော့-

            (၁)    Start ကနေ Run ကိုသွားပါ၊ cmd လို့ရိုက်ထည့်ပါ၊

            (၂)    အနက်ရောင် Command Prompt Window ပွင့်လာပါလိမ့်မယ်၊

            (3)    debug"You Picture File Location"လို့ရိုက်ထည့်ပါ၊ ဥပမာ သင့်ပုံက D:/ထဲမှာ ရှိပြီး  File vame က mypic.Jpg ဆိုရင် debug D:/mypic.jpg                     လို့ရိုက်ထည့်ပါ၊ ပြီးရင် Enter ခေါက်ပါ၊

            (၄)    e 100 လို့ရိုက်ပြီး Enter နှိပ်ပါ၊

            (၅)    ဥပမာ-1381:0100 FF လို့ပေါ်လာပါလိမ့်မယ်၊အဲဒီမှာ FF ဆိုတာ မူရင်း Header Code ဖြစ်ပါတယ်၊ အဲဒါကို သေချာမှတ်ထားပါ၊ ပြီးရင် AA လို့ရိုက်ပြီး Enter                     နှိပ်ပါ၊ AA လို့မရိုက်ချင်ရင်လည်း 00,11,22,......FF ထဲကနေ ကြိုက်တာကိုရိုက်ပါ၊ ဒါပေမယ့် မူရင်း Header Code ကိုတော့ရိုက်လို့မရဘူး၊

            (၆)   W ရိုက်ပြီး Enter နှိပ်ပါ၊

            (၇)    Writing xxxxxxx bytes ဆိုပြီးပေါ်လာလိမ့်မယ်၊ ဥပမာ-Writing OB 586 bytes

            (8)    9 လို့ရိုက်ပြီး Enter နှိပ်ပါ၊

            (၉)    ပြီးရင် Exit လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် Command Prompt ကနေ ထွက်ခွာသွားပါလိမ့်မယ်၊ ပြီးသွားပါပြီ၊ ကြိုက်တဲ့ Picture Viewer နဲ့ကြည့်ပါ၊                     လုံးဝမရပါဘူး၊

                    ဖြည်နည်း-

                    (၁)    အပေါ်က အဆင့်အတိုင်း အဆင့်(၄)ထိ သွားပါ၊

                    (၂)    အဆင့်(၅)မှာ Header Code ကိုပြန်ထည့်ပေးပါ၊ ပြီးရင်ကျန်အဆင့်တွေ အတိုင်းလုပ်ဆောင်ပါ။

အဆင်ပြေပါစေ-

မယ်လိုဒီကောင်မလေး

 


 

အင်တာနက်လိပ်စာကတ်လှလှလေးတွေဖန်တီးမယ်

 Card Cloud ကနေ ၀န်ဆောင်မှုပေးတဲ့ iphone,Android နဲ့ ဖုန်းတော်တော်များများမှာ လိပ်စာကတ်လှလှလေးတွေဖန်တီးနိုင်ပြီး လုပ်ငန်းအမျိုးအစားနဲ့ ရုပ်ပုံတွေကို တစ်ခုနဲ့တစ်ခုမတူအောင်လုပ်နိုင်တဲ့အပြင် Card Cloud သုံးစွဲသူအချင်းချင်းရဲ့ ပြောင်းလဲသွားတဲ့လုပ်ငန်း၊ ဖုန်းနံပါတ်၊ လိပ်စာတွေကိုလည်းသိရှိနိုင်မှာဖြစ်ပါတယ်၊ ဖုန်းအချင်းချင်းပို့လို့ရသလို အီးမေးလ်တွေဆီကိုပါ ဖုန်းကနေတဆင့် လိပ်စာကတ်လှလှလေးတွေ ပို့လို့ရပါသေးတယ်၊ Card Cloud မှာအကောင့်ဖွင့်ထားသူတွေက http://i.cardcloud.com ဆိုတဲ့လင့်မှာ Log in ၀င်ပြီးဒေါင်းလုပ်ချနိုင်သလို Card Cloud မသုံးသူတွေကတော့ http://market.android.com/details?id=com.cardcloud.android မှာ သွားရောက်ရယူနိုင်ပါတယ်။

အဆင်ပြေပါစေ...

မယ်လိုဒီကောင်မလေး

 

မအားတဲ့အချိန် ကိုယ့်အစားစာတိုပို့ပေးတဲ့သူ

 ကိုယ်မအားလို့ ဖုန်းဆက်လာတဲ့သူကို အဆင်ပြေအောင်ဖြေရှင်းပေးမယ့် Auto SMS ဆိုတဲ့ Freeware ပါ၊ ဒီဆော့ဝဲကတော့ အင်တာနဲ့ချိတ်ဆက်အသုံးပြုလို့ရတဲ့ ဖုန်းတွေမှာသုံးတာပါ၊ ကိုယ်တကယ်မအားဖြစ်မှသာ ကိုယ်ပြန်လိုတဲ့မက်ဆေ့ကို ရိုက်ထည့်ပြီးဒီဆော့ဝဲကိုဖွင့်ထားဖို့ပါ၊ နောက်မို့ဆိုဆက်သမျှဖုန်းတွေကို မက်ဆေ့ပြန်ပို့နေလို့ ပိုက်ဆံကုန်ဖို့တော့ရှိနိုင်ပါတယ်..မက်ဆေ့တိုင်းကို အသံထွက်ပြတဲ့စံနစ်ပါရှိပါတယ်၊ ဒီဆော့ဝဲကို သုံးချင်ရင် http://www.brothersoft.com က 1Mobile Market Download,က Applications Categories ထဲက Auto SMS ကိုရယူနိုင်ပါတယ်။

အဆင်ပြေပါစေ...

မယ်လိုဒီကောင်မလေး

 

ဖေ့စ်ဘုတ်ခ်မှာ ချက်ထားတာတွေပြန်ကြည့်ချင်ရင်

 ဖေ့စ်ဘုတ်ခ်မှာ သူငယ်ချင်းတွေနဲ့ ချက်ထားတာတွေကို ပြန်ကြည့်ချင်ရင် မော်ဇီလာဘလောက်ဇာမှာ Facebook Chat History Manager Add-on တစ်ခုလိုအပ်ပါတယ်၊ http://addons.mozilla.org/en-us/firefox/addon/facebook-chat-history-manager/ ကိုဖွင့်ပြီး Add-on ကိုအင်စတောလုပ်ရမှာပါ၊ အင်စတောလုပ်ပြီး ဘရောက်ဇာဖွင့်ထားရင် Restart ချလိုက်ပါ၊ ဘရောက်ဇာပြန်ပွင့်လာရင် Menubar မှာရှိတဲ့ tool ကိုကလှစ်နှိပ်ပါ၊ Facebook chat history Manager ကိုတွေ့ရပါလိမ့်မယ်၊ Facebook chat history Manager ထဲကမှ Get Facebook ID ကိုကလှစ်နှိပ်ပါ၊ ပြီးရင် Close Login Window ကိုနှိပ်လိုက်ရင် ကိုယ့်အတွက် ID ကိုဖော်ပြပေးပါလိမ့်မယ်၊ မှတ်ထားဖို့လိုပါတယ်၊ Facebook chat history Manager ထဲက Create Account ကိုရွေးပြီး ကိုယ်ကြိုက်တဲ့ Username နဲ့ Password ကိုပေးလိုက်ရင် ကိုယ့်ဖေ့စ်ဘုတ်ခ်မှာ ချက်ခဲ့တာတွေကို ပြန်ကြည့်လို့ရမှာပါ။

အဆင်ပြေပါစေ...

မယ်လိုဒီကောင်မလေး


Get a scroller sign at http://www.glitteryourway.com!